သတင်းများ

ပန်လုံမြို့၌ Quarantine Centre ဝင်ရောက်နေသူများအား ထောက်ပံ့ပေးအပ်
Jul 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန် က Quarantine ဝင်ရောက်နေသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးရုံး (ဝန်ထမ်းအိမ်ရာ) တွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ ပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများအတွက် အောက်စီဂျင် ပြတ်လပ်မှုမရှိစေရေး ဓမ္မဝိဇယလူမှု ကူညီရေးအသင်းမှ ကူညီဆောင်ရွက်
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လျက်ရှိ သည့်အတွက် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များအတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ဓမ္မဝိဇယ လူမှုကူညီရေး အသင်းမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာမှ အမျိုးသမီးနှစ်ဦးထံက ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာ အမျိုးသမီးနှစ်ဦးထံ က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာများအတွက် အောက်စီဂျင်အသက်ရှုစက်နှင့် ကုတင်များ လာရောက်လှူဒါန်း
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းအချိန်က မြို့မိမြို့ဖများမှ အရေးပေါ်လူနာများအတွက် အောက်စီဂျင်အသက်ရှုစက်နှင့် ကုတင်များကို လာရောက်လှူဒါန်းခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါပိုး(၄၈၃)ဦး ထပ်မံကူးစက်ခံရ
Jul 15,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မား ကာ ယမန်နေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၄၈၃)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၃၂၃၇)ဦး အထိရှိလာကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်အတွင်း covid-19ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း ၁၆၇၀ ဦးရှိ
Jul 15,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ယမန်နေ့အထိ COVID – 19 Positive လူနာ ကျား ၁၀၄၁ ဦး ၊ မ ၈၂၉ ဦး ၊ စုစုပေါင်း ၁၈၇၀ ဦးဖြစ်ပြီး လက်ရှိ ထိတွေ့ဆက်စပ်သူ ကျား ၄၅၆ ဦး ၊ မ ၅၀၇ ဦး၊ စုစုပေါင်း ၉၆၃ ဦးဖြစ်ကြောင်း ကျား ၄ ဦး ၊ မ ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း၊ ပိုးကင်းစင်၍ ပြန်လည်စေလွှတ်သူ (၃၈၆)ဦး ဖြစ်ကြောင်းသိရသည်။
နတ်တလင်းမြို့နယ် မြို့မစျေး၊ တာပွန်စျေးနှင့် အေးငြိမ်းသာ ပျံကျစျေးများအား ယာယီ (၁၃)ရက် ခေတ္တပိတ်ထား
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအား ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နံနက ၆ နာရီမှ နေ့လယ် ၁ နာရီအထိ ရောင်းချခွင့်ပြုခြင်း၊ တာပွန်စျေးနှင့် အေးငြိမ်းသာ ပျံကျစျေးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သော်လည်း ယခုအခါ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိမှု ပိုမိုများပြားလာသည့်အတွက် မြို့မစျေး၊ တာပွန်စျေးနှင့် အေးငြိမ်းသာပျံကျစျေးများအား ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ယာယီ(၁၃)ရက် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရ သည်။
ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာတစ်ဦးထပ်မံတွေ့ရှိ
Jul 15,2021
ဟိုပန်မြို့၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဈေးရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ်အမျိုးသား တစ်ဦးသည် ကိုဗစ်-၁၉ရောဂါလက္ခဏာသံသယတွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိတွေ့မိသူ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ကို ထပ်မံစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရကြောင်းသိရသည်။