ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ
Jan 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။