သတင်းများ

ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်၊ စာစောင် ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 03,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နေ့လည် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်
Jan 03,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင် တန်း(၁/၂၀၂၂) သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်၉နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးဝမြို့အခြေခံပညာအထက်တန်းကျောင်း တွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့အခြေ ခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကား‌ပြော ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ(၃) ရက်နေ့ နံနက်(၁၀)နာရီအချိန်က လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်
Jan 03,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ၌ကျင်းပသည်။
ဗန်းမော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းပြုလုပ်
Jan 03,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်ကို သိရှိမှတ်သားနိုင်စေရန် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်၌ (၇၄)နှစ်​မြောက် လွတ်လပ်​​​ရေး​နေ့ သတင်းစကား လက်ကမ်းစာ​​စောင်များဖြန့်​​​ဝေ
Jan 03,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် သတင် းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ပင်လုံမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့ရုံး ဉီးစီးမှူး နှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၁:၀၀ နာရီအချိန်တွင် ပင်လုံမြို့ အထက(၁)ကျောင်း၌ သတင်း စကားလက်ကမ်း စာစောင် စုစုပေါင်း(၂၅၀)စောင် လိုက်လံဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။