ပင်လုံမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

ပင်လုံ   ဇန်နဝါရီ   ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့ရုံး ဉီးစီးမှူး နှင့်ဝန်ထမ်းများက ယနေ့နံနက်  ၁၁:၀၀ နာရီအချိန်တွင် ပင်လုံမြို့ အထက(၁)ကျောင်း၌ သတင်း စကားလက်ကမ်း စာစောင် စုစုပေါင်း(၂၅၀)စောင် လိုက်လံဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ် အောင်ဆန်း ၂၀-၁-၁၉၆၄ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ''အမျိုးသား ညီညွတ်ရေး" ၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဉီးတည်ချက်(၄)ရပ်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ ပထမဆုံး သော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဉီးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် "လွတ်လပ်ရေးကို ကာကွယ်ရမယ်"၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၆)လပြည့် နိုင်ငံတော် တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ် ချက်၊ စာရေးဆရာ ဖိုးလေးသောင်းကိုကို ရေးသားသည့် "တို့များဆင်မြန်းလွတ်လပ်ပန်း" ကဗျာ၊ အထိမ်းအမှတ် ဆောင်ပုဒ်နှင့် ကာတွန်း များပါဝင်ကြောင်းသိရသည်။