ဗန်းမော် ဇန်နဝါရီ ၃
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်ကို သိရှိမှတ်သားနိုင်စေရန် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လွတ်လပ်ရေးနေ့ သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်း တက်ရောက်လာသည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် မယွန်းမြတ်အိမ် (တတိယတန်း)က အိပ်ရာဝင် ပုံပြင်များ(မျိုးမာန်)ရုပ်ပြစာအုပ်တွင် ပါရှိသော "မေ့တတ်တဲ့ နတ်ကလေး" ခေါင်းစဉ်ဖြင့် ဖတ်ပြပြီး ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)