သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် မြန်မာ့ရိုးရာဆွမ်းအုပ်ပုံ တည်ဆောက်နေ
Dec 17,2021
ရှမ်းပြည်နယ်(​မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့သာယာလှပစေရန်နှင့် ပြည်သူများ စိတ်အပန်းပြေစေ နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ပန်းခြံများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ကွင်းများ၊ လမ်းဆုံများနှင့် လမ်းဘေးဝဲယာတို့တွင် အမြင်တင့်တယ်စေရန် မြေယာရှုခင်းနှင့် ပန်းအလှစိုက်ခင်းများကို ဆောင်ရွက်ပေးနေရာ ဗိုလ်ချုပ်လမ်းမကြီးနှင့် အမှတ်(၁၀)ရပ်ကွက် လမ်းဆုံနေရာ၌ မြန်မာမှုလက်ရာတို့ဖြင့် မြန်မာ့ရိုးရာ ဆွမ်းအုပ်ပုံကို တည်ဆောက်နေ လျက်ရှိသည်။
ဗန်းမော်မြို့တွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Dec 17,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက် မွန်းလွှဲ ၁ နာရီက စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre  ခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book  Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ် သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားပြီး စာဖတ်သည့်  အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၌   အသက်  ၁၂ နှစ်နှင့် အထက်  ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ကာကွယ်ဆေး  ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတို့မှ  အသက်  ၁၂ နှစ် နှင့် အထက်  အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီ မှစတင်ပြီး   အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးစုရပ် အဖြစ်သတ်မှတ်ပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
လယ်ဝေးမြို့နယ်ရုံး Community Centreတွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Dec 17,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်ရုံး Community Centre တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
မြဝတီမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Dec 17,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွား မှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။