လယ်ဝေး ဒီဇင်ဘာ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်ရုံး Community Centre တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်း အောင်နှင့် စာပေဗိမာန်ဆုရ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က လူကုန်ကူးမှု ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများ၊ လူကုန်ကူးမှုတွင် အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးမှုခံရနိုင်သည့်သူများနှင့် လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် နည်းလမ်းများစသည် တို့အား အသိပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှတင်ဆက်ပေးလျှက်ရှိရာ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး Talk Showအစီအစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)