သတင်းများ

ရမည်းသင်းမြို့နယ်အတွင်းလူစည်ကားရာနေရာမြို့မဈေး၊ရပ်ကွက်များနှင့်ကျေးရွာထိ ကွင်းဆင်း၍ ပန်းခင်းစီမံချက်အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေး
Dec 17,2021
 မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ်တွင်    ပြည်သူများ ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန် ယနေ့ နံနက် ၈ နာရီခွဲ မြို့ပေါ်လူစည်ကား ရာနေရာမြို့မဈေးတွင် ပန်းခင်းစီမံချက်အသိပညာပေး LED မော်တော်ယာဉ်ဖြင့်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစား သောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ ပေးလျက်ရှိ
Dec 17,2021
ပြည်သူများအ​ခြေခံစား​သောက်ကုန်များကို အလွယ်တကူ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် ရည်ရွယ်ကာ ယမန်​နေ့ နံနက် ၇ နာရီ အချိန်က အလုံမြို့နယ် အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
ကျိုက်မရော၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk-Show)ကျင်းပ
Dec 17,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk-Show)ကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစု လီမိတက် မြို့နယ်အဆင့်ချေးငွေကြီးကြပ်ရေးကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Dec 17,2021
  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ချေးငွေကြီးကြပ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန ရုံး၌ ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲကျင်းပ
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးရုံး၌ယနေ့၊ နံနက်(၁၀) နာရီတွင် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို မြို့နယ်အဆင့်ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့မဈေး၌ ဈေးသူ/ဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ ရှောင်တခင် အခမဲ့စစ်ဆေးဆောင်ရွက်
Dec 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မဈေး၌ ဈေးသူ/ဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၈)နာရီက  ကျန်းမာရေးဌာန၊ ဝန်ထမ်း များက RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့  မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Dec 17,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့မဈေးကြီးတွင် မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောက်မင်္ဂလာ ရပ်ကွက် ရှိ မြို့မဈေးကြီးတွင်ပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်မှု့ မှတ်တမ်း ဓါတ်ပုံများပြသ
Dec 17,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး​ရှေ့၌ ယနေ့နံနက်(၁၀)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့ လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံများကို ပြသထားကြောင်း သိရသည်။