ဗန်းမော်မြို့တွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ဗန်းမော်       ဒီဇင်ဘာ     ၁၇

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက် မွန်းလွှဲ ၁ နာရီက စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဗန်းမော်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေမော်အောင်က "စာပေစာရေးသားပုံ ရေးသားနည်းအကြောင်း" ဖြင့် လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ ဒေါ်အေးအေးမူက "ကချင်ပြည်နယ်နေ့ တို့မမေ့" ကဗျာဖြင့် လည်းကောင်း၊  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြသက်ဦးက စာရေးဆရာဖေမြင့် ရေးသားသည့် နှလုံးသား အာဟာရ(ရသစာများ)စာအုပ်မှ "ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်သူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

ကိန်းဖြူ