သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲကျင်းပ

သင်္ဃန်းကျွန်း   ဒီဇင်ဘာ    ၁၇

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးရုံး၌ယနေ့၊ နံနက်(၁၀) နာရီတွင် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို မြို့နယ်အဆင့်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၃)ဉီး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၃)ဉီး အထက်တန်း အဆင့်ကဗျာ ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၂) ဉီး၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၂)ဉီး၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၇)ဉီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာဉီးစီးဌာနမှ ဉီးစီး ကျင်းပပြုလုပ်သော ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများသို့ အဆင့်ဆင့် ဆက်လက်ရွေးချယ် ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင် အဆင့်ပြိုင်ပွဲကို ဒီဇင်ဘာ၂၁ ရက်နေ့၊ အ.ထ.က သုဝဏ္ဏကျောင်း၌လည်းကောင်း၊ တိုင်းအဆင့် ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အ.ထ.က(၂) လသာကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စန္ဒာမိုး