သတင်းများ

ဘုရားသုံးဆူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်(omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Dec 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်တွင်အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Dec 15,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​မန်နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂)လသာ ကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေး လျက်ရှိ
Dec 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူး တင်ဆက်ဆောင်ရွက်ပေး လျက်ရှိသည်။
လှိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်
Dec 15,2021
မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယနေ့နံနက်(၉:၀၀) အချိန်က စတင်ကာ ရေမြောင်းများအား သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊  အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်း လမ်း၊ သိပ္ပံပစ္စည်း စက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသ​​ရေးစင်တာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်း သက်သေခံ လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူ များအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Dec 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ​ဟော​ပြောပွဲ​နှင့် စာအုပ်ပြပွဲကို ရန်ကုန်အ​​နောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Center ဘက်စုံသုံးခန်းမ၌ ယမန်​နေ့မွန်လွဲ ၁ နာရီက ကျင်းပရာ မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူ ပြည်သူများ တက်​ရောက်ကြပြီး ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့​ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ကရုပ္ပိ အ.ထ.က ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Dec 15,2021
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား များကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိ အ.ထ.က ကေျာင်း၌ မြို့နယဦးစီး အရာရှိ ဦးရဲလင်း အောင် ဦးဆောင်၍ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီက ကရုပ္ပိ အ.ထ.ကကေျာင်း​၌နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးသည်။