မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေး လျက်ရှိ

မြဝတီ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူး တင်ဆက်ဆောင်ရွက်ပေး လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိ သတ်များနှင့် ကျောင်းများ ပိတ်ထားသည့်အတွက် ကျောင်းသူ/ကျောင်းသားများနှင့် သားငယ် သမီးငယ်များအတွက် ဗဟုသုတရရှိရန် မြဝတီခရိုင်ပြည်သူ့ စာကြည့်တိုက် Facebook Page မှ သုတ၊ ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များ၊ ကဗျာရွတ် ဆိုခြင်း အစီအစဉ်များကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူးတင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)