သတင်းများ

ရှမ်းရွာသစ်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲဆောင်ရွက်
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ထက်/လယ်ဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရှိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့နံနက်ပိုင်း ဆိပ်ကြီးရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 27,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron ) ရောဂါ ကြိုတင် ကာကွယ်ရေး မြန်မာ၊ ပိုးကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Dec 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် မြန်မာ၊ ပိုးကရင် နှစ်ဘာသာတို့ ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Dec 27,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစည်းခုံရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ရွှေစည်းခုံရပ်ကွက်ကြီးအတွင်း  လှည့်လည်အသိပေးနှိုးဆော်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ပန်းချီဆွဲပြိုင်ပွဲနှင့်ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပန်းချီဆွဲ ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်း (၈)နာရီအချိန်ခန့်က ရှမ်းရွာသစ်မြို့ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို‌) ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ကာယ၊ ဉာဏဂိမ်းကစားပြိုင်ပွဲများ ကျင်းပ
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့်ကာယ၊ဉာဏဂိမ်းကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေး
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ နိုဝင်ဘာ ၂၅/၂၆ ရက်တို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။