ငါးသိုင်းချောင်း၊ဒီဇင်ဘာ၊၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့်ကာယ၊ဉာဏဂိမ်းကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ငါးသိုင်းချောင်းမြို့လူထုအေခြပြုဗဟိုဌာန၊ဘက်စုံသုံးခန်းမ၌ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးမှူးဒေါ်နှင်းယုဝေက လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ ကိုအ-လ-က(ခွဲ)မြို့သစ်မှ ကျောင်းသားကျောင်းသူများသို့ ဟောပြောပေးခဲ့ပြီး ဆက်လက်၍အလယ် တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာအဆိုပါကျောင်းရှိအလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အဆိုပါလူထုအခြေပြုဗဟိုဌာနရှိကလေးစာဖတ်ခန်းနှင့်ကလေးကစားကွင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ထိုင်ခုံလုပြိုင်ပွဲ၊စာဖတ်စွမ်းရည်ပြိုင်ပွဲအစရှိသည့်ကာယ၊ဉာဏဂိမ်းကစား ပြိုင် ပွဲများကိုဆက်လက်ကျင်းပခဲ့ရာအ-လ-က(ခွဲ)မြို့သစ်မှကျောင်းသား၊ကျောင်းသူ(၂၀)ဦးပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီးပြိုင်ပွဲများအပြီး၌ကျောင်းသား၊ ကျောင်းသူများကိုကျောင်းသုံးစာရေးကိရိယာ နှင့်အ မှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါ(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ပြိုင်ပွဲများကို ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ-လ-က(ခွဲ)မြို့သစ်ကျောင်းရှိ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊စာပေချစ်မြတ်နိုးသူများအသင်း (BookClub,Youth Club,WomenClub)အသင်းအဖွဲ့ဝင်များနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများ၏ကာယ၊ဉာဏစွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက်ပူးပေါင်းစီစဉ်ကျင်းပ ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။