သတင်းများ

ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆဋ္ဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲပြုလုပ်
Jan 19,2025
ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဆဋ္ဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်း စက်ဘီးစီးနင်းပွဲကို ယမန်နေ့နံနက်(၇)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းစုရပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲ‌ပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jan 19,2025
‌ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘက်စုံသုံးခန်မ၌ ပြုလုပ်သည်။
ဒေးဒရဲမြိုနယ် အခြေခံပညာကျောင်းများရှိ (Grade-5)၊ (Grade-9) ကျောင်းသား၊ ကျောင်းသူများ သင်ကြားမှုထိရောက်ရေး အရည်အသွေးမြင့် ဆွေးနွေးပွဲ ကျင်းပ
Jan 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များပိုမိုတိုးတက်လာစေရေးနှင့် အခြေခံပညာအထက်တန်းကျောင်းများက (Grade-5)၊ (Grade-9)ဘာသာရပ်သင် ဆရာ၊ဆရာမများသင်ကြားမှုထိရောက်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ် အ.မ.ကတပ်ဦးကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် တပ်ဦးအခြေခံပညာမူလတန်းကျောင်းပညာရေးမိသားစုက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်ပြည်သူ့ဆေးရုံ၌ "မရှိ၍မလင်းသူမရှိစေရ" ကွင်းဆင်းအစီအစဉ် ဆောင်ရွက်
Jan 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်တိုင်း‌ဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းးမာရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ "မရှိ၍မလင်းသူမရှိစေရ"  ကွင်းဆင်းအစီအစဉ်ကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ရှမ်းစုကျေးရွာ အခြေခံပညာမူလတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပ
Jan 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထပ်မြင့်အဆောက်အအုံ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူသရုပ်ပြ
Jan 19,2025
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာနှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် လေ့ကျင့်သားပြည့်ဝစေရန် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ အထပ်မြင့်အဆောက်အအုံ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ အားကစားသမားတည်းခိုဆောင်(၅)ထပ် အဆောက်အဦ၌ ကျင်းပသည်။
ဧရာဝတီတိုင်း​ဒေသကြီး၊ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည်ရှုစစ်ဆေး
Jan 19,2025
ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးရုံးမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှ ကာကွယ်ရေးတာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ရောက်ရှိ၍ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ကြသည်။