သတင်းများ

ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်း ဆောင်ရွက်
May 20,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်၊ ဗိုလ်တိုက်ချွန်းလမ်းရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းဖွင့်လှစ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြစေရန်အတွက် ရည်ရွယ်ပြီး လှည်းကူးမြို့နယ် ပညာရေးမှူးရုံး၏စီစဉ်မှုဖြင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်းကို ယနေ့မန်နံနက်ပိုင်းက လှည်းကူးမြို့နယ်(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင် စိတ်ကိုလှပအောင် ပြင်နည်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ မခင်စောတင့် ရေးသားသော“စိတ်ကိုလှပအောင်ပြင်နည်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကျေးပေါင်းစုံ(၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
May 20,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ရပ်ကျေးပေါင်းစုံအသက် ၂၅ နှစ်အောက်၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး လက်ပံတန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်ရန် မြေနေရာအား ကြည့်ရှုစစ်ဆေး
May 20,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ညောင်ပင်ဘိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်းပညာ(၅)မျိုးအား ဆွေးနွေးသရုပ်ပြပို့ချ
May 20,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းသင်တန်းပညာ(၅)မျိုးကို ဆွေးနွေးပို့ချခြင်း၊ လက်တွေ့သရုပ်ပို့ချခြင်း သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကူဖြူကျေးရွာအုပ်စု၊ ညောင်ပင်ဘိုကျေးရွာ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ စိန်ပန်းပင်လဲပြိုကျနေမှုအား ရှင်းလင်းဆောင်ရွက်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် (၀၆:၃၅) အချိန်ခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် ပြည်လမ်းမကြီးပေါ် (လေ့ကျင့်ရေးအထက်တန်း) ကျောင်းရှေ့ရှိ စိန်ပန်းပင်လဲပြိုနေမှုအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့သည်။