သတင်းများ

ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 21,2022
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုကျောင်၌ကျင်းပရာ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဋ္ဌေးအောင် တက်ရောက် နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ရေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
May 21,2022
မုတ်သုံရာသီသို့ ချည်းနင်းဝင်ရောက်လာပြီဖြစ်၍ မိုးဦးအစတွင် ကလေးငယ်များ၌ အဓိကအဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် မဖြစ်ပွားစေရေးအတွက် ရေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့နံနက် ၁၁ နာရီအချိ်နက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းများအား အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ
May 21,2022
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်း၊ ရိက္ခာအတွက် အလှူတော်ငွေများ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ဟားခါးမြို့ရှိ မြို့မသာသနာပြုကျောင်းတိုက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့၊ ကျောက်တန်းကျေးရွာတွင် ဓာတ်တိုင်တစ်တိုင် ဘုန်းကြီးကျောင်းအုတ်တံတိုင်းပေါ် လဲကျမှုဖြစ်ပွား
May 21,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းဘုန်းကြီးကျောင်းအရှေ့ရှိ ဓာတ်တိုင်တစ်တိုင် ကျောင်းဝင်းနံရံတံတိုင်းအပေါ် ပြိုလဲခဲ့ရာ အုတ်တံတိုင်း(၁၀)ပေခန့်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ဓာတ်တိုင်များ ပြိုလဲပျက်စီး
May 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မော်လမြိုင်မြို့နယ်၊ တောင်ဝိုင်းရပ် တောင်ဝိုင်းဘုရားဗုဒ္ဓဝင်ရှေ့ရှိ ဓာတ်တိုင်များ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ကော်မတီဝင်များအား တွေ့ဆုံ၊ မြို့ရေပေးဝေရေးနှင့် အခွန်ငွေများ ပြေကြေစွာ ကောက်ခံရရှိရေး မှာကြား
May 21,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မေလ ၂၀ ရက် ယနေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။  
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားပြုလုပ်
May 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်စက်မှုဇုံရှိ Willow Orient(Myanmar) Co.,Ltd အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက အာမခံအလုပ်သမားဒေါ်မေမာထွေး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့နယ်၌ ရွှံ့ကဏန်း(Mud Crab) မျိုးစိုက်ထည့်ပွဲ အခမ်းအနားတက်ရောက်
May 21,2022
ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ရွှံ့ကဏန်း(Mud Crab) မျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာအနီး ကြွီတဲချောင်းနံဘေးတွင်ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။