ရန်ကုန် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်၊ ဗိုလ်တိုက်ချွန်းလမ်းရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းအောင်လက်မှတ်များကို မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးအေးသွင် က ပေးအပ်ခဲ့ပြီး သင်တန်းထူးချွန်သူ (၄)ဦးအား ခရိုင်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးနေဆန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင်၊ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးငွေစိုးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် ဦးထွန်းထွန်းဦးတို့က ထူးချွန်ဆုများပေးအပ်ခဲ့၍ သင်တန်းသား/သူများ ကိုယ်စား မခရေဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
“ယခုလို ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်လှစ်ပို့ချရခြင်းကြောင့် လုပ်သားပြည်သူများ အကြားတွင် ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များအား ရှေးဦးပြုစုခြင်းပညာရပ်များဖြင့် အချိန်နှင့်တပြေးညီ အသုံးချနိုင်မည်ဖြစ်ပြီး ထိရောက်သောအကူအညီပေးနိုင်သူများ ပေါ်ထွန်းလာနိုင်မှာဖြစ်ပါတယ်”ဟု မြို့နယ်တပ်ဖွဲ့မှူး ဦးအေးသွင် က ပြောကြားခဲ့သည်။
ဆုလှိုင်(မင်္ဂလာဒုံ)