သတင်းများ

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နေရပ်အသီးသီးသို့ ပြန်နိုင်ရေးကူညီဆောင်ရွက်ပေး
May 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ နှစ်နိုင်ငံဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား (၁၁၆) ဦး ပြန်လည်ဝင်ရောက်လာရာ ယနေ့နေ့လယ် (၁၂) နာရီအချိန်က မိမိတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသည်။
တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့််ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
May 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့  ဆိုင်းဘုတ်စိုက်ထူပွဲကို  ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၈) မြို့နယ် U-19 အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
May 21,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အာကစားကွင်း၌ ယနေ့ညနေ ၄ နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၈) မြို့နယ် U-19 အမျိုးသားဘောလုံးပြိုင်ပွဲ ပြည်ဇုံ ( ၆) မြို့နယ်ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ရွှေဘိုတက္ကသိုလ် စိမ်းလန်းစို​ပြေလှပ​ရေး အရိပ်ရပင်များ စိုက်ပျိုးပွဲကျင်းပ
May 21,2022
​​ရွှေဘိုမြို့နယ် သစ်​တောဦးစီးဌာနမှ​ ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်​ပေါ်လာ​စေရန်ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခွဲက​ရွှေဘို တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြင့်မားရေးသင်တန်း တွင် ဌာနဆိုင်ရာများမှ ဘာသာရပ်များပို့ချ
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ စွမ်းရည်မြင့်မားရေးသင်တန်း (၁/၂၀၂၂) ကို ယနေ့မွန်းလွဲ (၂) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယူရီးယားမြေသြဇာ သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ရောင်းချပေး
May 21,2022
မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် သီးနှံစိုက်ပျိုးလုပ်ကိုင်နေကြသော တောင်သူဦးကြီးများအတွက် လိုအပ်သောယူရီးယားမြေသြဇာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်တွင် အဆိုပါရုံးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်
May 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက်မြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
နတ်တလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၉)လုံး အမိုးလန်ပျက်စီးပြီး နေအိမ်(၂)လုံးပြိုလဲမှုဖြစ်ပွား
May 21,2022
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။