မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေး

မင်းတုန်း မေ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ပထမဆုံးအကြိမ်ထိုးရမည့်သူများ၊ ဒုတိယအကြိမ်ထိုးရမည်သူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး Booster ထိုးရမည်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်