သတင်းများ

မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေး
May 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့ ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ လိုက်လံဆောင်ရွက်
May 23,2022
မိုးဦးကာလ ခြင်ပေါက်ပွားမှုများသောရာသီ ရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ ရပ်ကွက်များ အတွင်း၌ မေလ ၂၁ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် တနင်းဖလုံလမ်းမကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌စတင်ဆောင်ရွက်
May 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ဒေသ‌နေပြည်သူများသွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံလမ်းမတွင် ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ မင်းကန်ကျေးရွာ၌ မိုးရေခံ ကွန်ကရစ်ကန် ဂါလံ(၂၀၀)ဆံ့ အလုံး(၁၀၀) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
May 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သောက်ရေရှားပါးသော ကျေးရွာများအား သန့်ရှင်းသောသောက်ရေ သိုလှောင်နိုင်စေရန်ရည်ရွယ်၍ စစ္စေးချောင်းကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာတွင်ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် ၁၀၀ လုံးဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့က မင်းကန်ကျေး ရွာ၊အ.လ.ကကျောင်းတွင်‌ အဆိုပါကွန်ကရစ်ကန်များအား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ ၃ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းမှ ကျန်ရှိသောလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း ၂၄၀ ကျော်ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။
ငပုတောမြို့၌ မိုးရာသီအကြို စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 23,2022
ငပု​တောမြို့နယ် သစ်​တောဦးစီးဌာနအ​နေဖြင့် စိမ်းလန်းစိုပြည်​ရေးကို အ​ထောက်အကူ ပြုစေရန်နှင့် သာယာလှပပြီး ရာသီဥတု​ပြောင်းလဲမှုဒဏ်ကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင်ရန် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖြစ်ထွန်း​ရေးနှင့်  သစ်​တော၊ သစ်ပင်များ ကာကွယ် စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းကို  အစဉ်တစိုက်​ ဆောင်ရွက်နိုင်​ရေး၊    သစ်ပင်၊ သစ်တော၏ တန်ဖိုးကို သိနားလည်ပြီး ချစ်ခင်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍  မိုးရာသီအကြို စု​ပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ငပုတောမြို့နယ် ကြက်လည်ဆစ်ကျေးရွာရှိ​ ရွှေကြက်ဝပ် ဘုရား​တောင်​ခြေတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများပုံမှန်ထုတ်ပေး
May 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစားများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။