သတင်းများ

ပန်းတနော်မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာရှိ သမိုင်းဝင်ရွှေမြင်တင်ဘုရားအနောက်မုခ်၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
May 23,2022
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေလ ၂၃ ရက်နံနက် ၇ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန် စနစ်တကျ ထုတ်ပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရေဂါလံ ၁၆၀၀ လှူဒါန်း
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ သောက်သုံးရေအကူအညီတောင်းခံလာသည့် တောဇွန်တဲတိုက်သို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် (၆)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မေလ ၂၂ ရက်နေ့ ညနေ (၅)နာရီအချိန်က မြို့နယ် ပြည်သူ့ အားကစားကွင်း အတွင်း၌ ကျင်းပသည်။
မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 23,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ရာကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းကို ယမန်‌နေ့က အထက(မယ်စဲ့) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းတွင် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 23,2022
သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၅၄)၌ မြို့နယ်သစ်တော ဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်သည်။