အိမ်မဲ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလတွင် ၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၆၀၀ ကျော်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
"အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့ကနေ လကုန်ရက်အထိ နံနက် ၆ နာရီ ၃၀ မိနစ်ကနေ မွန်းလွဲ ၂ နာရီ အထိထုတ်ပေးပါတယ်။ အခုလမှာဆိုရင် ၂၁ ရက်နေ့က ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ၂၃ ရက်နေကနေ လကုန်ရက်အထိ ထုတ်ပေးသွားမှာပါ။ ယနေထိ အငြိမ်းစားဝန်ထမ်း (၂၅၀)ဦးလောက် ပင်စင်လစာ ထုတ်ပေးပြီးပါပြီလို့ "အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်စန်းစန်းကြိုင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)