သတင်းများ

နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Jun 06,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲစက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် သာယာကုန်းကျေးရွာရှိလူစည်ကားရာနေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ်၌ နွေစပါးများ စိုက်ပျိုးအောင်မြင်ကာ ရိတ်သိမ်းတော့မည်
Jun 06,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နွေစပါးဧကခြောက်ထောင်ကျော် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ဘာသာရပ်မိတ်ဆက်ပွဲ ကျင်းပ
Jun 06,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ဘာသာရပ်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်  ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပါသည်။
မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး
Jun 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)၊ အခြေခံပညာမူလတန်ကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်တက္ကသိုလ်တွင် နှစ်(၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ် Theatre ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီခွဲက၂၀၂၂ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင်ကျရောက်သည့် နှစ်(၅၀)ပြည့်ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွှဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမှတ်(၂၆၉)၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထုတ် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းစာအုပ်မှ စာရေးဆရာအောင်ချစ် (ဟဲဟိုး) ရေးသားသည့် တန်ဖိုးသိသူသည်တန်ဖိုးရှိ၏ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့သန့်ရှင်းသာယာလှပစေရေး ရွှေစေတီဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး ရွှေစေတီးဘိုးဘွားရိပ်သာတွင်ယမန်နေ့နံနက်(၇)နာရီက ခရိုင်/မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။