နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

နွားထိုးကြီး ဇွန်  ၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲစက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် သာယာကုန်းကျေးရွာရှိလူစည်ကားရာနေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာ အကာ (Faceshield)ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တပ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ်အခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတက်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ် အထက် အသက် အရွယ် ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပေးနှိုးဆော်ချက်များကို အများပြည်သူများသိရှိစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် သာယာကုန်းကျေးရွာရှိ လူစည်ကားရာနေရာတို့တွင်လိုက်လံ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်