Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဓနုဖြူမြို့နယ်၌ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) မြေခံထည့်သွင်းပွဲ အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု ဧက(၁၀၀)၊ တင်း(၁၀၀)စံပြကွက်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) မြေခံထည့်သွင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၀)မှ ကလေးငယ် (၂၆၈၁)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
May 12,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှု လျှော့နည်းစေရန်အတွက် အသက်အရွယ် အပိုင်းအခြား အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း (၃၀)မှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ် စုစုပေါင်း (၂၆၈၁)ဦးကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ပြည်သူလူထုသို့ ပျိုးပင်များ အခမဲ့ဖြန့်ဝေ
May 12,2022
ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ပြည်သူ လူထုသို့ ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းဘိနယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က သစ်ဆိမ့်ကုန်းအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာနှင့် ရေဂလုတ်အုပ်စု၊ ချောင်းဝကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့် ဟင်္သာတအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့် သည်ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ဟင်္သာတခရိုင် တရားသူကြီး ဒေါ်အေးအေးခိုင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်းက ဟင်္သာတအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်ထောင် တာဝန်ခံအရာရှိက အကျဉ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မူလတန်းလုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများအား ရက်တိုသင်တန်းဖွင်လှစ်ပို့ချ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မူလတန်းလုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများ ရက်တိုသင်တန်းကို သာပေါင်း အခြေခံပညာ အထက်တန်းကျောင်းရှိ သော်ကဆောင်ခန်းမ၌ ဇွန်လ ၄ ရက်နေ့မှ စတင်၍ ဖွင်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်အတွင်းရှိ အ-ထ-က (ခြောက်ရွာ)နှင့် အ-လ-က(ကျားသေ)ကျောင်းတို့၌ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အ-ထ -က (ခြောက်ရွာ)နှင့် အ-လ-က(ကျားသေ) ကျောင်းတို့၌ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့ အ.ထ.ကတွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ် ပြပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်
May 12,2022
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂)ကို ယမန်နေ့ ညနေ ၃ နာရီတွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ စီးပွားရေးရာဝန်ကြီး ရုံးခန်း၌ ကျင်းပရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18006
Page
18007
Page
18008
Page
18009
Current page
18010
Page
18011
Page
18012
Page
18013
Page
18014
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department