စဉ့်ကိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)ထိကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၁၈၀)ဦးထိုးနှံပြီးဖြစ်                        

စဉ့်ကိုင် ဇွန် ၁၅      

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများ၌ရှိသောအသက်(၅)နှစ်မှ(၁၂)အထိကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးများကို ယနေ့နံနက်(၉)နာရီက စော်ရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး ရဲမှူးသိန်းလွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဆရာ/ဆရာမများက ကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိမ့်အိသူနှင့်  ကျန်းမာရေး၀န်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းခြင်းများ၊ကျန်းမာရေးကောင်းသူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊  ကျောင်းသူများကိုဇွန်လ(၃) ရက်နေ့မှ  ဇွန်လ(၁၄)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၁၈၀)ဦး  ရာခိုင်နှုန်းအနေဖြင့်(၉၄)ရာခိုင်နှုန်း ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိနေသော ကျောင်းသား၊ကျောင်းသူများကိုလည်း ဦးတည်အုပ်စုအလိုက် ကျောင်းများသတ်မှတ်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)