ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်ဆည် ဇွန်  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာခွဲအချိန်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၃၆၀၁၈၈)ဦး ထိုးပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ် ကျောင်းသား/ကျောင်းသူ (၁၃၁၅၄)ဦးနှင့် ကျောင်းပြင်ပကလေးသူငယ်(၁၃၁)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၄၉၆)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့် သီလရှင် (၁၄၆၀) ဦး၊ အသက်(၁၈)နှစ်အထက် ပြည်သူ (၁၆၇၆၂၁)ဦး စုစုပေါင်း(၁၉၀၈၆၂)ဦးနှင့် ဒုတိယအကြိမ်တွင် (၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၉၃၁) ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်း သား/ကျောင်းသူ (၈၁၃၉)ဦးနှင့် ပြည်သူ ပြည်သူ(၁၄၅၉၃၂)ဦး၊ စုစုပေါင်း(၁၅၅၀၀၂)ဦး၊ ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီးသူ(၁၄၃၂၄)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိပြီး စုရပ်အဖြစ်အခြေခံပညာကျောင်း (၆၄)ကျောင်းနှင့် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ပထမအကြိမ်၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)