သတင်းများ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း ဝင်ခွင့် စာမေးပွဲများဖြေဆို
Sep 24,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း၊ အမှတ်စဉ်(၁၀) ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လားရှိုးမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၌ မြို့နယ်လုံးဆိုင်ရာအသံမစဲမဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
Sep 24,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ အဘိသန္နဗိမာန်တော်၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ပဓါနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်အမှူးပြုသည့်  ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပြည်နယ်၀န်ကြီးချုပ် ကြည့်ရှုအားပေး
Sep 24,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေ၊ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဥက္ကာကိုတို့က ကြီးကြပ်၍
ပင်လောင်းမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.Ed (စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့်ရ စာမေးပွဲဖြေဆို
Sep 24,2022
ပြ​ည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့်  ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅) နှစ်သင်တန်း အမှတ်စဉ် (၁၀) အတွက် သင်တန်းဝင်ခွင့် ​ရေးဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုး/ဘွား (၈၈၅) ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Sep 24,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မွန်​ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံ​ဖြူဇရပ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွား (၈၈၅) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လယ်ဝယ်အရောက်ပေးအပ်
Sep 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယအကြိမ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍
ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign များဆောင်ရွက်
Sep 24,2022
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အမှတ်(၃)ရပ်ကွက်၊ ၃၆လမ်းနှင့် မဟာဗန္ဓုလလမ်း၌
မင်ဘူး(စကု)မြို့နယ်တွင် ငရုတ်သီးဈေးကောင်း‌သောကြောင့် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာ
Sep 24,2022
မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်သီးဈေး ကောင်းသောကြောင့် ငရုတ်စိုက်တောင်သူများ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သနပ္ပင်စုအုပ်စု ငွေသောင်ကျေးရွာ ငရုတ်စိုက်တောင်သူများထံမှ သိရသည်။