ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign များဆောင်ရွက်

ကျောက်တံတား စက်တင်ဘာ၂၄

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အမှတ်(၃)ရပ်ကွက်၊ ၃၆လမ်းနှင့် မဟာဗန္ဓုလလမ်း၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနေ အိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း Mask Campaign လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign များ ဆောင်ရွက်ရာတွင် ကျောက်တံတားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ အများပြည်သူများ သွားလာရာလမ်းများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ ဆက်)