သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)တွင် ​မြဝတီမြို့နယ် အတွင်းရှိ ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးစည်ကားလျက်ရှိ

မြဝတီ  အောက်တိုဘာ  ၁၀

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင်  ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ စည်ကားလျက်ရှိရာမှာ မြဝတီမြို့ရှိ မြို့ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးတွင် လည်းကောင်း၊ ကျောက်လုံးကြီး ကျောင်းတိုက်တွင် လည်းကောင်း၊ အဓိဋ္ဌာန်အောင် စေတီတော်တွင် လည်းကောင်း၊ ရွှေတိဂုံပုံတူ မဟာကနက စေတီတော်တွင် လည်းကောင်း တည်ငြိမ်အေးချမ်း ပျော်ရွှင်စွာ ဘုရားဖူးလာသူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

အလားတူ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းတွင်လည်း စတုဒီသာ ကျွေးမွေး လှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)