ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အ​ခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၂) ဖွင့်လှစ်

ဗဟန်း အောက်တိုဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အ​ခြေခံကွန်ပျူတာ သင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကို  ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း​ သိရသည်။

ထို့​နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် ပင်မလုပ်ငန်းကြီးနှစ်ရပ်ရှိ​ကြောင်း၊ ကွန်ပျူတာသင်တန်းကို တက်​ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများမှာ ကွန်ပျူတာနှင့် မစိမ်းသူများဖြစ်​ကြောင်း၊ ဒီက​နေ့ပို့ချ​ပေးမယ့် သင်တန်းက​တော့ အမှန်တစ်ကယ် လုပ်ငန်းခွင်မှာ လုပ်​ဆောင်ရမည့် ရုံးစာပုံစံများကို သင်ကြား​ပေးသွားမည်ဖြစ်​ကြောင်း၊ ဒီက​နေ့ သင်တန်းတက်ပြီး​တော့ အကျိုးရှိ​စေခြင်း​ကြောင်း၊  သင်တန်းကို ကြိုးကြိုးစားစားသင်ကြား၍ လုပ်ငန်းခွင်အတွင်းမှာ အကျိုးရှိစွာ အသုံးပြုကြ​စေလို​ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းတွင်  ရန်ကုန် အနောက်ပိုင်းခရိုင်အတွင်းရှိ အမှုထမ်းဝန်ထမ်း (၁၅) ဦးတို့အား word ၊ excel၊ PowerPoint များကို သင်တန်းနည်းပြနှစ်ဦးက သင်ကြား​ ပေးသွားမည်ဖြစ်သည်။ သက်တန်းကာလမှာ ရုံးပိတ်ရက်များဖြစ်သည့် စ​နေ​နေ့နှင့် တနင်္ဂ​နွေ​နေ့တို့တွင် နံနက် ၁၀ နာရီမှ  ၁၂ နာရီအထိ (၁၅.၁၀.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ) (၈)ပတ် အကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စန္ဒာမိုး