ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Nov 12,2022
လူငယ်လူရွယ်များ အသိပညာတိုးတက်မှုရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါ သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။