သတင်းများ

ဘုတ်ပြင်မြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းဖွင့်လှစ်
Nov 12,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ တွင် ပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ အခြေခံပညာ ထက်/လယ်/မူကျောင်းအုပ်ကြီးများ အုပ်ချုပ်မှုစွမ်းရည်မြှင့် သင်တန်းဖွင့်
Nov 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊အလယ်တန်း နှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ ခေါင်းဆောင်မှုအရည် အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံ ပညာကျောင်းအုပ်ကြီးများ အုပ်ချုပ်မှု စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
(၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲများဆောင်ရွက်
Nov 12,2022
(၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုအားကောင်းစေရန် မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြား
Nov 12,2022
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီ တွင် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံ အရာထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အင်းတော်ကြီးအိုင်၌ ဧရာဝတီမြစ်အတွင်း ကျက်စားကြသည့် ငါးမျိုးစိတ်များ သန်းနှင့်ချီကာ ဥဥ သားပေါက်
Nov 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်သည် ဧရာဝတီမြစ်နှင့် ဆက်စပ် လျက်ရှိရာ ဧရာဝတီမြစ်အတွင်း၌ နေထိုင်ကျက်စားကြသည့် ငါးမျိုးစိတ်များ ဥဥသားပေါက်သည့် နေရာတစ်ခုဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံးခွဲမှ သိရ သည်။
ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Nov 12,2022
ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ဖြင့် အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည့် ပြာသိုလဆန်းတစ်ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သီရီကွင်းအတွင်း၌ အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ
Nov 12,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ တောင်ဝိုင်းကြီးနေလသိဒ္ဓိ ဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိ မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။