ဗဟန်း၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ၌ ပြန်/ဆက်ဝန်ထမ်းဟောင်းများ အမှုဆောင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗဟန်း နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း​ဒေသကြီး၊ ဗဟန်းမြို့နယ်လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းဟောင်းများ အမှု​ဆောင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင် ပြန်/ဆက်ဝန်ထမ်းဟောင်းများ အမှုဆောင်အသင်းဥက္ကဋ္ဌ ​ဦးမြင့် က အဖွင့်အမှာစကား​ပြောကြားပြီး အတွင်း​ရေးမှူး ဦးတင်ဝင်းလေးမှ ရှေ့လုပ်ငန်းစဉ်များ​ ရှင်းလင်းဆွေး​နွေးတင်ပြခြင်းနှင့် တွဲဘက်အတွင်းရေးမှူး ဦးအုန်းထွန်းမှလုပ်ငန်း​ဆောင်ရွက်မ အ​ခြေအ​နေများအား ရှင်းလင်း​ဆွေး​နွေး​ ပြောကြားခဲ့သည်။

ထို့​နောက် တက်​ရောက်လာသူများမှ​ ရှေ့လုပ်ငန်းစဉ်များ​ကို​ အပြန်အလှန်ဆွေး​နွေးခဲ့ကြပြီး အဆိုပါအစည်းအ​ဝေးသို့ အဖွဲ့ဝင်စုစု​ပေါင်း (၁၀) ဦးတက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

စန္ဒာမိုး