ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်း ၁၂၈၉၁ ဧက စိုက်ပျိုးပြီးစီး
Jul 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မိုးသီးနှံနှမ်း ၁၂၃၉၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၂၈၉၁ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထားချက်ထက် ၄၉၈ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။