သနပ်ပင်မြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဆွေးနွေးပွဲ ပြုလုပ်

သနပ်ပင် ဇူလိုင် ၈

ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မိဘပြည်သူများ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဆွေးနွေးပွဲကို သနပ်ပင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊(Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမိုးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး”၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ စားသုံးသူကာကွယ်ရေးနှင့်ကုန်စည်များ (အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသောအရာဝတ္ထုများ)အကြောင်း၊ ဝန်ဆောင်မှုများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် သတ်မှတ်ချက်များ၊ စားသုံးသူများ၏ အခွင့်အရေး (၈)ချက်များအကြောင်း၊ စားသုံးသူများ၏တာဝန်များ (၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ (၁၀)ချက်၊ စားသုံးသူ အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များတိုင်ကြားခြင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရသည်။  

အောင်မြင့်မြတ် (ပြန်/ဆက်)