စဉ့်ကိုင် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က Mobile Phone ဖြင့် Video တည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဝင်းဝင်းသန်း၊ ဦးစီးအရာရှိက Video ရိုက်ကူးတည်းဖြတ်ခြင်းပညာရပ်ဟာ တတ်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်၊ အပျော်တမ်း Video တွေအတွက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းသုံး Video တွေအတွက်ပဲဖြစ်ဖြစ် အရည်အသွေးကောင်းမွန်တဲ့ Video တစ်ခုရရှိဖို့ ရိုက်ကူးရေးပညာအပြင် တည်းဖြတ်ခြင်းပညာရပ်ဟာလည်း အရေးပါတဲ့နေရာတစ်ခုမှရှိနေပါတယ် စသည်ဖြင့် Mobile Phone ဖြင့် Video ရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးအေးမိုး၊ အငယ်တန်းစာရေးက Video တည်းဖြတ်ခြင်းပြုလုပ်ရန် Video ဖိုင်များထည့်ခြင်း၊ မူရင်း Video မှ အသံဖိုင်များခွဲထုတ်ခြင်း၊ Video ဖိုင်များကို လိုသလိုနေရာချထားခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ကြာချိန်အတိုးအလျော့လုပ်ခြင်း၊ အသံဖိုင်များထည့်သွင်းခြင်း၊ အသံအတိုး၊ အချဲ့ပြုလုပ်ခြင်း၊ စာတန်းထိုးခြင်း၊ အရောင်များချိန်ညှိခြင်းစသည့် Video တည်းဖြတ်ခြင်းနှင့်ပတ်သက်ပြီး အခြေခံသိသင့်သိထိုက်သည်များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလကို (၂၃.၂.၂၀၂၃)ရက်နေ့မှ (၂၄.၂.၂၀၂၃)ရက်နေ့အထိ (၂)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော့မူယာမောင်