မောင်တော မတ် ၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများကို ယမန်နေ့ညနေပိုင်းမှစ၍ မြို့မအားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အားကစားနည်းများအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ Fitness Dances ၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ရိုးရာခြင်းတို့ဖြစ်သဖြင့် မိမိတို့ဝါသနာများအတိုင်း အားကစားနည်းကို ရွေးချယ်ကာတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ဆွေလှိုင်ငြိမ်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)