ကြံခင်းမြို့တွင် နွေရာသီအားကစားသင်တန်း (၅)မျိုး စတင်ဖွင့်လှစ်သင်ကြား

ကြံခင်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊  အားကစားသမားကောင်းများ  ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး နွေရာသီအားကစားသင်တန်း (၅)မျိုးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း စတင်ဖွင့်လှစ်သင်ကြားပေးကြောင်း  သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြားပေးရာတွင် အားကစားနည်း(၅)မျိုးဖြစ်သော ဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊  မြန်မာ့သိုင်း၊ ကရာတေး၊  ကြက်တောင်၊  Fitness Dance အားကစားနည်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေး၊  (နည်းစနစ်မှူး) ဒေါ်ခင်မိုးဝါနှင့် သင်တန်းနည်းပြ ဆရာများက သင်ကြားပေးကြရာ  ဘောလုံးအားကစားတွင် သင်တန်းသား/သူ (၃၃)ဦး၊  ပြေးခုန်ပစ် အားကစားတွင် သင်တန်းသား/သူ(၁၅)ဦး၊  ရိုးရာခြင်းလုံး အားကစားတွင် သင်တန်းသား/သူ(၁၀)ဦး၊ မြန်မာ့သိုင်းအားကစား တွင်  သင်တန်းသား/ သူ(၁၅)ဦး၊ ကရာတေး အားကစားတွင် သင်တန်းသား/သူ(၂၀)ဦး၊ ကြက်တောင် အားကစားတွင်  သင်တန်းသား/သူ(၁၀)ဦးနှင့် Fitness Dance အားကစားတွင် သင်တန်းသား/သူ (၂၀)ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားကြကြောင်းနှင့် သင်တန်းကာလမှာ မတ်လ (၆)ရက် နေ့မှ (၂၀)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)