မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မိုးမိတ်  မတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ဆက်လက်ဖြေဆိုခြင်းကို ယနေ့ နံနက် ၉နာရီ အချိန်က အေးချမ်းစွာဖြေဆိုခဲ့ကြောင်း သိရသည်။  

မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူများမှာ (၇၅) ဦးရှိပြီးစာစစ်ဌာန နှစ်ခုခွဲ၍ ဖြေဆိုစေမည်ဖြစ်ကာ အ-ထ-က မိုးမိတ် စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၅၇) ဦး ၊ပျက်ကွက် (၄)ဦးနှင့်  အ-ထ-က(မန်ကျည်းပင်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄) ဦး၊  စုစုပေါင်း (၇၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အဆိုပါစာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ရဲမှူး ကျော် အေးလှိုင်၊ မိုးမိတ်(အခြေချ) စစ်ဗျူဟာမှ ဗိုလ်မှူး ထူးဇေယျ နှင့်တပ်နယ်အသီးသီးမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရေး  ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)