ကျိုင်းတုံမြို့၌ အခြေခံအင်္ဂလိပ်စကားပြော(အခမဲ့)သင်တန်းဖွင့်

ကျိုင်းတုံ မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခြေခံအင်္ဂလိပ်စကားပြော(အခမဲ့) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်(၂) ဦးမင်းညိုက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ)မှ ဒုတိယညွန်ကြားရေးမှူး ဦးအေးမောင်က နွေရာသီကာလ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စကားပြော တက်ရောက် လို သူများအတွက်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စကားပြော(အခမဲ့) သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြား သည်။

သင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ အခြေခံပညာ Grade-5 နှင့် အထက် ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စကားပြောတက်ရောက်ချင်သူများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြောင်းသိရပြီး မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းအဖွဲ့ဝင် ဦးမျိုးအောင်မှ  မတ် ၁၃ ရက်မှ ၂၄ ရက်အထိ အခမဲ့ ပို့ချသင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)