သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီအခြေခံ အားကစားနည်း (၄) မျိုးသင်တန်းဖွင့်လှစ်
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများအား မတ်လ (၁) ရက်နေ့မှစ၍ မတ်လ (၃၁) ရက်နေ့ထိ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမ၌ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး အကြံပြုကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Mar 13,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ မွန်းလွဲပိုင်းက ပုဏ္ဏးကျွန်းမြို့၊ စံပြရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် အကြံပြုကွင်းဆင်းစစ်ဆေးခဲ့သည်။
မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
Mar 13,2023
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင်  မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀  နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။
ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ ဆဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Mar 13,2023
ပြည်တွင်း၊ ပြည်ပသာသနာပြုပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးနှင့် ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ-လန်ဒန်)တို့ တည်ထောင် ဖွင့်လှစ်ထားသော မန္တလေး၊ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးဌာနခွဲ၊ ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ ဆဋ္ဌမအကြိမ်မြောက်၊ B.A (ဝိဇ္ဇာ)နှင့်Diploma ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေး သာသနာ့ရိပ်သာ၌ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  စာဖတ်ဝိုင်းကျင်းပ
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Mar 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ် နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၌ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။