စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
Jul 12,2025
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်စေရေး၊ သာယာလှပရေး၊ ရာသီဥတု ပြုပြင်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေး၊ မိုးခေါင်ရေရှားပါးမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်အားသစ်လမ်း ဗိုလ်ချုပ်လမ်းမှ ပြည်ထောင်စုလမ်းအထိ လမ်းအရှည် - ၂၅၀၀ ပေရှိ လမ်းဘေးဝဲယာ၌ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက် ကြကြောင်း သိရသည်။