တိုက်ကြီး ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ဘူတာရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးမြဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဉီးစွာ တိုက်ကြီးမြို့နယ်မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းပေးသော ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများအား ခရိုင်အုပ်ချုပ်ရေးမှူးဉီးမြဝင်းနှင့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဉီးစီးကော်မတီမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး မဟာသင်္ကြန်ပွဲတော်တွင် ကပြဖျော်ဖြေခဲ့သည့် ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဆုရယိမ်းအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပေးကာ ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေများ ပက်ဖြန်းပေးခဲ့သည်။
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၏ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့ ၁၄ ဖွဲ့တို့ဖြင့် ကပြဖျော်ဖြေခြင်း၊ မြန်မာ့ဆိုင်းဝိုင်း၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးခြင်းအစီအစဉ်များ၊ ပြည်သူများပျော်ရွှင်စွာရေကစားနိုင်ရန်နှင့် ရေပက်ခံထွက်နိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)