မိုးနဲမြို့နယ်၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ယာဥ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ထုတ်ဝေသော ယာဥ်စည်းကမ်း လမ်းစည်းကမ်းပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်/ကျေးတို့ပူးပေါင်းကာ မိုးနဲ-မောက်မယ်-နမ့်စန် သွား(၃)လမ်းဆုံနေရာနှင့် မိုးနဲ-လင်းခေး-မိုင်းပန်သွားလမ်း လမ်းမကြီးနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။