နောင်ချို ဧပြီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် သတ္တမအကြိမ်မြောက် မဟာသတိပဌာန်းမိုးကုတ်ဝိပဿနာ (၅)ရက်တရား စခန်းသို့ အလှူငွေများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်းသဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှသိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြို့နယ် ကုန်းစုံကျေးရွာ ဒါယကာ၊ဒါယိကာမများမိသားစုကနံနက် အရုဏ်ဆွမ်းနှင့် ဓမ္မပူဇာအတွက်အလှူတော်ငွေ ကျပ်ရှစ်သိန်းနှင့် ဦးဇော်နင်း+ဒေါ်ငွေယု မိသားစုမှ အထွေထွေ အသုံးပြုရန်အတွက်အလှူငွေ ကျပ်သုံးသိန်းငါးသောင်းတိတိ၊ ပြင်ဦးလွင်မြို့နေ ဒေါ်သန်းအေး၊ ဦးညီညီဇော်+ဒေါ်သူဇာဝင်းမိသားစုက အလှူငွေကျပ်တစ်သိန်းတို့ကို တရား စခန်းသို့ဝင် ရောက်ကြမည့် ရဟန်းသံဃာတော်များ ယောဂီသူတော်စင်များအတွက်လှူဒါန်းခဲ့ပြီး ယခင်ရက်များ၌ အခြားအလှူရှင်အသီးသီးတို့ကလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါတရားစခန်းကို မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၉ရက်(၁၃-၄-၂၀၂၃)နေ့မှ ဦးတန်ခူးလပြည့်ကျော်၁၄ရက်(၁၈-၄-၂၀၂၃)နေ့အထိ၅ရက်တိုင်တိုင် ကျင်းပသွား မည်ဖြစ်ကြောင်း၊ အဆိုပါတရားစခန်းသို့ မိုးကုတ်ကမ္မဌာနာစရိယ ဆရာတော်များ ကြွရောက်၍ ဝိပဿနာအလုပ် ပေးတရားတော်များ ဟောကြားပြသပေးသွားမည်ဖြစ်ကြောင်း၊ တရားစခန်းအား သဖန်းကိုင်း ပရဟိတ ဆရာတော်သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာ လင်္ကာရဦးဆောင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့်တရားစခန်းသို့ ဝင်ရောက်ကြသည့် ရဟန်းလူယော ဂီသူတော် စင်များ ချမ်းသာလွယ်ကူစွာ တရားအားထုတ်နိုင်ကြစေရန် အလှူရှင်များအနေဖြင့် နံနက် အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာလျှပ်စစ်မီး၊ ဆေးပစ္စည်းတို့ အား လှူဒါန်းလိုပါက တရားစခန်းဖြစ်မြောက်ရေး အကျိုးဆောင်များထံသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သဖန်းကိုင်း ပရဟိတဆရာတော် ထံမှသိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)