သတင်းများ

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စုပေါင်းရုံး မြို့နယ်ခန်းမတွင် ပြုလုပ်သည်။
ကြံခင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ
Jul 14,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ  မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ (၁/၂၀၂၅)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်း ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အင်းစိန်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့နယ်ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး တောင်ဘက်နှင့်မြောက်ဘက်အာရုံ ခံတန်စောင်းမျက်နှာကျက်များအား ထိုင်ဝမ်ရွှေဆိုင်းဖြင့် အရောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 14,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး တောင်ဘက်နှင့်မြောက်ဘက်အာရုံခံတန်စောင်းမျက်နှာကျက်များအား ထိုင်ဝမ်ရွှေဆိုင်းဖြင့် အရောင်တင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ညောင်ဦးခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 14,2025
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကောလိပ်ရှိ မဟာသရေစည်သူဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်း​ဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးဝင်းမြိုင် ဒေးဒရဲမြို့နယ် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေး
Jul 14,2025
​ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြိုင်၊ ဖျာပုံခရိုင် တရားသူကြီး ဒေါ်မိုးမိုးခိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၁၁)နာရီက ဒေးဒရဲမြို့နယ် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ပိုထွန်းနှင့် တာဝန်ရှိသူများက အချုပ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Jul 14,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဥတ္တရသီရိမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဥ်အမြဲသတိရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။