သတင်းများ

ထားဝယ်မြို့၌ Polytechnic University (Dawei) အခြေခံကွန်ပျူတာအသုံးချသင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 14,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် e-Government အထောက်အကူပြု အခြေခံကွန်ပျူတာအသုံးချသင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ Polytechnic University (Dawei) ၌ ကျင်းပသည်။
ဟင်္သာတမြို့နယ်တွင် မြန်မာအီလက်ထရောနစ်စနစ် မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြု ခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကျင်းပ
Jul 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဟင်္သာခန်းမ၌ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှပြုလုပ်သော မြန်မာအီလက်ထရောနစ်စနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ် ဗဟိုမျိုးသန့်ခြံတွင် အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် (TOT) သင်တန်းပို့ချ
Jul 14,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ဗဟိုမျိုးသန့်ခြံတွင် အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် (TOT) သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 14,2025
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ဈေးရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်အ.ထ.က (၇) တွင် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
Jul 14,2025
တနင်္သာရီတိုင်း​ဒေသကြီး၊ မြိတ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ခရိုင်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့နယ်၌ အေရိုးဗစ်နည်းပြ(ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အေရိုးဗစ်နည်းပြ(ဆင့်ပွား)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန် ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး စုပေါင်းစာဖတ်ခြင်း ဆောင်ရွက်
Jul 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့် အလေ့အကျင့်များရရှိရေး စုပေါင်းစာဖတ်ခြင်းကို ယနေ့နံနက် ၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။   
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Jul 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကော့သောင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ လက်‌တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှု‌ရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။