သတင်းများ

ဓနုဖြူမြို့နယ်၌ အသက်(၂)လမှ(၅၉)လအထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး ရာနှုန်းပြည့်တိုက်ကျွေးပြီးဖြစ်
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိအသက်(၂)လမှ(၅၉)လအထိ ကလေးငယ်(၁၃၂၁၆)ဦးအား ပိုလီယိုကာကွယ်ဆေး ရာနှုန်းပြည့်တိုက်ကျွေးပြီးဖြစ်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှုအားကြည့်ရှုအားပေး
Mar 04,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ အခြေခံပညာမူလတန်းအဆင့် ပဥ္စမတန်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Mar 04,2025
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီက စိုက်ပျိုးသည့် မတ်ပဲသီးနှံစိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧက ၁၆ ဒသမ ၃၁ တင်းထွက်ရှိ
Mar 04,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီကစိုက်ပျိုးခဲ့သည့် မတ်ပဲသီးနှံစိုက်ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းမှာ တစ်ဧက ၁၆ ဒသမ ၃၁ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲဖြေဆို
Mar 04,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade -9 နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ စာဖြေဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေပြီး ယနေ့ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုနေကြောင်း သိရသည်။
မြစ်သားမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက် သရိုက်၊ ဆယ်ယူရှင်းလင်းခြင်းများဆောင်ရွက်
Mar 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက် (၆) ကွက်တို့တွင် အဓိကကျသည့် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းလုပ်သားများဖြင့်နေ့စဥ် ရေနှုတ်မြောင်းများအတွင်းမှ အမှိုက်သရိုက်၊ ဆယ်ယူရှင်းလင်းခြင်းကို စီမံချက်ချမှတ်၍ ရပ်ကွက်အစဥ်အလိုက် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ကြပြီး မြို့နယ်တာ ဝန်ခံအရာရှိများကကြီးကြပ်ကာ ဝန်ထမ်းများနှင့် စက်ယန္တရားများ အသုံးပြု၍ လုပ်ငန်းတာဝန်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ်ပညာသင်နှစ် Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာ‌မေးပွဲဖြေဆို
Mar 04,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-ခုနှစ် ပညာသင်နှစ် မူလတန်းဆင့် Grade - 5 နှင့် အလယ်တန်းဆင့် Grade - 9 နှစ်ဆုံးစာ‌မေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။